အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) တည်ထောင်ခြင်း (၁)နှစ်ပြည့် ပြုလုပ်

အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) တည်ထောင်ခြင်း (၁)နှစ်ပြည့် ပြုလုပ်

အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) တည်ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကို ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၅)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)သည် မဟာမိတ်များနှင့်အတူ တမူး၊ ကဘော်ဒေသတို့တွင် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

NLA သည် စစ်တပ်အာဏာသိမ်းပြီးနောက် တမူး‌ဒေသမှ လူငယ်များဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံ စစ်သင်တန်းတက်ရောက်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အတွင်းမှာပင် တမူးဒေသသို့ ပြန်ဝင်ခဲ့သည်ဟု သိရသည်။

ထို့နောက် Myanmar Federal Army အမည်ဖြင့် ဖွဲ့စည်းတည်ထောင်ပြီးနောက် တမူးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)အဖြစ် (၁)နှစ်ကြာ ပြောင်းလဲရပ်တည်ခဲ့ကာ ၂၀၂၃ ခုနှစ် မတ်လ(၅)ရက်နေ့တွင် တော်လှန်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ NLA ဟု ထပ်မံပြောင်းလဲဖွဲ့စည်းခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမျိုးသားလွတ်မြောက်ရေးတပ်တော်