စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေပစ်ခတ်မှုကြောင့် ပျက်စီးမှုများသည့် ပေါက်တောမြို့ 

စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေပစ်ခတ်မှုကြောင့် ပျက်စီးမှုများသည့် ပေါက်တောမြို့ 

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးများကို ယနေ့အထိ လုပ်ဆောင်နေရဆဲဖြစ်ကာ တစ်မြို့လုံးနီးပါး အပျက်အစီးများသဖြင့် နေအိမ်အရေအတွက်ကိုပင် မရေတွက်နိုင်ဟု ဒေသခံများက ဆိုသည်။ 

ပေါက်တောမြို့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ(၁၂,၀၀၀)ကျော်နေထိုင်ပြီး မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေပစ်ခတ်မှုများကြောင့် တစ်မြို့လုံးရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အရပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်။

#TachileikNewsAgency

Photo: Rakhine Human Rights Defenders Group