လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခမရ ၅၃၂ တပ်အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

ပုံအညွှန်း - ၂၀၂၀ ရွေးကောက်ပွဲကာလ ခမရ ၅၃၂ တပ်ဝန်းကို တွေ့ရစဉ်(ပုံဟောင်း)
ပုံအညွှန်း - ၂၀၂၀ ရွေးကောက်ပွဲကာလ ခမရ ၅၃၂ တပ်ဝန်းကို တွေ့ရစဉ်(ပုံဟောင်း)
လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခမရ ၅၃၂ တပ်အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
ဇန်နဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

 လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းရှိ စစ်ကောင်စီ ခမရ ၅၃၂ တပ်ရင်း ရှော့တိုက်ဒုံးဖြင့်ပစ်ခံရ

ရန်ကုန်အနောက်ပိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ဘုရင့်နောင်တံတားအဆင်းရှိ စစ်ကောင်စီတပ်၏ ခမရ ၅၃၂ တပ်ရင်း ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၏ ည (၈)နာရီခွဲဝန်းကျင်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်းဘုရင့်နောင်တံတားအဆင်း၊ တပ်ထိပ်မှတ်တိုင်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၃၂ တပ်အတွင်းသို့ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ပြောဆိုကြသည့်အပြင် ရှော့တိုက်ဒုံး ဟုတ်၊ မဟုတ် မသိရသေးသော်လည်း ပေါက်ကွဲသံ နှစ်ချက်ကြားရသည်ဟုလည်း ဆိုသည်။

"တပ်ဝန်းထဲ ပေါက်ကွဲသံ‌တွေကြားရတယ်။ ရှော့တိုက်ဒုံးလို့တော့ ပြောတာပဲ။ ကားတွေလည်း ဝင်သွားတာတွေ့တယ်။ သေနတ်သံတွေလည်း ကြားတယ်။ ပျက်စီးတာ၊ ထိခိုက်တာတွေတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က တပ်ထိပ်မှတ်တိုင်အနီးတွင် ယာဥ်များအား ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရပြီး အသေးစိတ်အချက် အလက်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်။

ယင်းတိုက်ခိုက်မှုကိုလည်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်ခြင်း မရှိသေးပေ။