စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ စဉ့်ကူးမြို့နယ်မှ ကလေးတစ်ဦးသေဆုံး ၅ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ စဉ့်ကူးမြို့နယ်မှ ကလေးတစ်ဦးသေဆုံး ၅ ဦးဒဏ်ရာရ
ဖေဖော်ဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဒေသခံက‌လေးတစ်ဦး ထိမှန်သေဆုံးပြီး (၅)ဦး ဒဏ်ရာရကြောင်း သိရသည်။

စာကျက်ကြီးရွာနှင့် စာကျက်ကုန်းရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က (၁၂၀)မမ၊ (၈၁)မမတို့ဖြင့် အနောက်ဘက်နှင့် တောင်ဘက်များသို့ လက်နက်ကြီးဖြင့် အချက်(၂၀)ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များ ရွာတော်ရွာကို ကျရောက်ကာ အသက်(၁၄)နှစ်အရွယ် အမျိုးသား ကလေးတစ်ဦး သေဆုံးသည်ဟု သိရသည်။

ထို့အပြင် အသက်(၈၀)အရွယ် အဖွားတစ်ဦး ဒူးဆစ်အောက် ထိမှန်ဒဏ်ရာရကာ သေဆုံးသူ ကလေး၏ မိခင်လည်း ဦးခေါင်ထိမှန် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

လက်နက်ကြီးကြောင့် ရွာသာရွာမှ ဒေသခံတစ်ဦး၊ ငှက်စားရွာမှ ဒေသခံတစ်ဦး၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ့်ရွာမှ ဒေသခံ တစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း Wetlet Information Networkထံမှ သိရသည်။

#TachileikNewsAgency

Photo: Wetlet Informational Network