ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်
စက်တင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပေါင်းတည်မြို့နယ် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား(၂၈)ဦးဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရိုးမအစပ် လျှော်ဖြူချောင်းအနီးတွင် ပဒေသာမိုင်း(၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်း(၆)လုံးကွဲပြီး စစ်ကောင်စီတပ်သား(၂)ဦးသေကာ အဆိုပါနေရာတွင် မြှုပ်နှံသွားသည်ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-၃၆၀၁ တပ်ရင်း)က ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-၃၆၀၁ တပ်ရင်း) တပ်ခွဲ (၃) လင်းယုန်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency