မြို့လှမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ တပ်သားများ စခန်းစွန့်ခွါ

မြို့လှမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ တပ်သားများ စခန်းစွန့်ခွါ
ဖေဖော်ဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် စခန်းစွန့်ခွါသွားကြောင်း မြို့လှ KPDF ထံမှ သိရသည်။

၎င်းစခန်းကုန်းသည် KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းတွင်ရှိပြီး လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်အတွင်းက စတင်ကာ အထိုင်တပ်စွဲနေထိုင်ခဲ့သော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းသည် တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇) ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲသော ဗျူဟာစခန်းကုန်း ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှ K-PDF တပ် ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်သည်ဟု သိရသည်။