မြိုင်မြို့နယ်ရှိ သရက်ကန်ရွာတွင် ပျုစောထီးများအား ဒေသကာ ကွယ်ရေးတပ်များက တိုက်ခိုက်ရာ ပျူစောထီး (၂)ဦး သေပြီး (၅)ဦး အရှင်ဖမ်းမိ

မြိုင်မြို့နယ်ရှိ သရက်ကန်ရွာတွင် ပျုစောထီးများအား ဒေသကာ ကွယ်ရေးတပ်များက တိုက်ခိုက်ရာ ပျူစောထီး (၂)ဦး သေပြီး (၅)ဦး အရှင်ဖမ်းမိ
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာအုပ်စုအတွင်း သရက်ကန်ရွာ ပျူစောထီးစခန်းအနီးတွင် ပျုစောထီးများအား ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ပျူစောထီး(၇)ဦးသေပြီး (၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Young Force UG တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သရက်ကန်ရွာ ပျူစောထီးစခန်းအနီး ကင်းပတ်နေသည့် ပျူစောထီးများအား နံနက်(၇)နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များက တိုက်ခိုက်ရာ ပျူစောထီး(၂)ဦးသေဆုံး ကြောင်း သိရသည်။ 

ထို့နောက် သေဆုံးသွားသော ပျုစောထီး(၂)ဦး၏ အလောင်းအား နံနက်(၁၀)နာရီဝန်းကျင်တွင် လာရောက်ကောက်ယူသော ပျုစောထီးများအား မဟာမိတ်အဖွဲ့များက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး(၅)ဦး ထပ်မံသေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများကို ပူးတွဲစစ်ဆင်ရေး(၃)အဖြစ် Badassess Burma Force၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း(၂)၊  Pakokku People's Defence Force ၊ Earthquake People's Defence Force ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စကြာ်တပ်ဖွဲ့နှင့် Young Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။