ကန်ပက်လက်မြို့ရှိ စေတီနှင့် စာသင်ကျောင်းများအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

ကန်ပက်လက်မြို့ရှိ စေတီနှင့် စာသင်ကျောင်းများအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
အောက်တိုဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ စေတီဘုရား၊ စာသင်ကျောင်းများ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို CDF ကန်ပက်လက်က ယမန်နေ့ ‌၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကန်ပက်လက်မြို့ပေါ်ရှိ ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ နံနက်(၆)နာရီမှ (၁၁)နာရီအထိ CDFကန်ပက်လက်က စစ်ကြောင်း(၅)ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကြောင်း(၅)ကြောင်းဖြင့် တပြိုင်တည်း အဆိုပါနေရာများအား ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးပြီး တော်လှန် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် စစ်ကောင်စီတပ်စခန်းနှင့် နီးသောနေရာများတွင် နေထိုင်ခြင်းမပြုကြရန်လည်း CDFကန်ပက်လက်က အသိပေးထားသည်။

#TachileikNewsAgency

Photo : Chin Defence Force -Kanpetlet