သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ရှိ  အရပ်သား (၃)ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွား

သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ရှိ  အရပ်သား (၃)ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွား
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် သမာဓိ(၁)လမ်းရှိ အရပ်သား(၃)ဦးကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ည(၁၀)နာရီခွဲကျော်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

ဧည့်စာရင်းစစ်မည်ဟုဆိုကာ အဆိုပါလမ်းအတွင်းရှိ မျက်နှာချင်းဆိုင် တိုက်ခန်းများကို ဝင်ရောက်၍ အရပ်သား(၃)ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီ တိုက်(၂)တိုက်လုံးက (၂)ကြိမ်ရှိသွားပြီ။ ပြီးခဲ့တဲ့တစ်ခါကလည်း လာဖမ်းသွားသေးတာ။ အဲဒီတုန်းကလည်း ဖမ်းခံရတာရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ညပိုင်းကလည်း ၁၆/၁ ရပ်ကွက်၌ အရပ်သားတချို့ ဖမ်းဆီးခံရသည့်သတင်းများ ထွက်‌ပေါ်ခဲ့သော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်များကို စစ်ကောင်စီတပ်များက အကြောင်းပြချက်မရှိ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းများရှိနေသည်ဟု သိရသည်။

#TachileikNewsAgency