နမ့်ဆန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

နမ့်ဆန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ
ဒီဇင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ကစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်(၇)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အချိုခြောက်စက်ရုံတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ကို TNLAက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီ၏ အချိုခြောက်စက်ရုံလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးများသည် မြို့အတွင်း ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်(၇)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခြင်းကြောင့် နမ္မဝေါရပ်ကွက်မှ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ