ပုလဲနှင့် ယင်းမာပင်မြို့ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ရဟု BNRA တပ်ဖွဲ့ဆို

ပုလဲနှင့် ယင်းမာပင်မြို့ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ရဟု BNRA တပ်ဖွဲ့ဆို
နိုဝင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပုလဲနှင့် ယင်းမာပင်မြို့နယ်နှစ်ခုအစပ် စည်ပင်ကျေးရွာနှင့် ဘူးလဲကျေးရွာအကြား၌ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ကို ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အင်အား (၁၄၀)ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား BNRAမှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး G3 တစ်လက်၊ ၆၀ မမ (၂)ဖူး၊ ဖုန်း (၁၇)လုံး၊ အထိုင်ဖုန်း (၁)လုံးနှင့် လက်ဝတ်ရတနာအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် စည်ပင်ကျေးရွာအတွင်း ညအိပ်တပ်စွဲခဲ့ပြီး နေအိမ်(၁)လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် နိုဝင်ဘာလ (၁)ရက်နေ့တွင် မြောက်ပိတောက်ကုန်း အနောက်ဘက်၊ မြောက်ယမားဆည်‌အနီးတွင် BNRA စနိုက်ပါတပ်စုမှ ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု BNRAကဆိုသည်။

#TachileikNewsAgency