နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်မည်ဟု UWSA ထုတ်ပြန်

နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်မည်ဟု UWSA ထုတ်ပြန်
နိုဝင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည်ဟု “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဝပြည်နယ်၏ လေပိုင်နက်နှင့် နယ်မြေအတွင်းသို့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပါက ပြန်လည်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

UWSP အနေဖြင့် ဘက်မလိုက်ရေးမူကျင့်သုံးပြီး ကိုးကန့်ဒေသတိုက်ပွဲများတွင် မည်သည့်ဘက်ကမှ ပါဝင်မည်မဟုတ်ဟုလည်း ဆိုသည်။

ပဋိပက္ခအတွင်းပါဝင်နေသည့် အင်အားစု အသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေးအား အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြရန်လည်း တိုက် တွန်းထားသည်။ 

ထို့အပြင် ဝပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအား ကာကွယ်ပေးသွားမည်ဖြစ်သည့်အပြင် ဝဒေသသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ နေရာချထားရေးနှင့် ကူညီစောင့်ရှောက်မှုများ ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency