လောင်းလုံးမြို့နယ်ရှိ ကျေးရွာတချို့တွင် မူးယစ်ဆေးဝါးရောင်းချနေသူ သုံးဦးကို လောင်းလုံး PDFဖမ်းဆီး

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတချို့တွင် မူးယစ်ဆေးဝါးရောင်းချနေသူ သုံးဦးကို လောင်းလုံး PDFဖမ်းဆီး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာတချို့တွင် မူးယစ်ဆေးဝါးရောင်းချနေသူ (၃)ဦးအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် သွားရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါများနှင့်အတူ လက်နက်များပါ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

၎င်းမူးယစ်ဆေးဝါးရောင်းချသူများမှာ ကထိန်ကြီးရွာမှတစ်ဦးနှင့် ဂေါ့အင်းကျေးရွာမှ နှစ်ဦးတို့ဖြစ်ပြီး တစ်ဦးမှာ မူးယစ်ဆန့်ကျင်ရေး၊ သတင်း စုံစမ်းဖော်ပြရေး၊ အထူးသတင်းထောက်တစ်ဦး ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးရမိသူများထံမှ ပစ္စတိုလေသေနက်တစ်လက်၊ ပွိုင့် ၂၂ သေနက်ရှည် တစ်လက်၊ ဓားရှည်(၃)ချောင်း၊ ဓားမြှောင်(၄)ချောင်း၊ WY ဆေးပြား (၃၇၅)ပြား၊ ငွေကျပ်(၂၈၇,၂၀၀)နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့(၃)ဦးအား နောက်နောင်တွင် မူးယစ်ဆေး ထပ်မံသုံးစွဲပါက ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ ခံဝန်ကတိ လက်မှတ်ထိုးခိုင်း၍ ကြိမ်ဒဏ်(၇)ချက်ရိုက်ကာ ပစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရရှိသော ငွေ(၂၈၇,၂၀၀)ကျပ်ကို လောင်းလုံးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအတွက် အသုံးပြုသွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo : လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDF