ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ အုတ်ဖိုမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရ 

ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ အုတ်ဖိုမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရ 
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား(၄၃)ဦးပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ ကန့်နီရွာနှင့် တာဝါတိုင်ရွာအကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် မိုင်ကွင်းဗဟိုချက်သို့ ဖြတ်သန်းလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်‌ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို)က ပဒေသာမိုင်း (၄)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်သေဆုံးနိုင်ပြီး ကျန်စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်ပြီးနောက် တပ်ဆုတ်သွားသည်ဟု တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ထံမှ သိရသည်။

#TachileikNewsAgency