စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် အရပ်သားနေအိမ်ပေါ်ကျကာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် အရပ်သားနေအိမ်ပေါ်ကျကာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး
စက်တင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပျားစခန်းရွာမှ အရပ်သားနေအိမ်ပေါ်သို့ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် (၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

တောင်ငူ-သံတောင်လမ်းရှိ ပျားစခန်းရွာမှ အရပ်သားနေအိမ်ပေါ်သို့ ယနေ့နံနက်(၉)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက်(၉)နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်(၅၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က (၄)မိုင်နှင့် (၇)မိုင်ဂိတ်တို့တွင် စစ်ဆေးရေးတင်းကြပ်ထားခြင်းကြောင့် ဒေသခံများ ဂရုစိုက်သွားလာကြရန်လည်း KNUတပ်မဟာ(၂)က သတိပေးထားသည်။

(စိတ်မချမ်း‌မြေ့ဖွယ်ပုံရိပ်များ ပါဝင်သဖြင့် အခြားသတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency/42611 တွင် ကြည့်ရှုနိုင်ပါသည်)

#TachileikNewsAgency

Photo :ThandaungMupoe