စစ်ကောင်စီက တိုက်ပွဲများပြင်းထန်နေသည့် ဒေသ ၅ ခုမှ နယ်လုံဝန်ကြီး‌များကိုဖြုတ်ကာ အစားထိုး

စစ်ကောင်စီက တိုက်ပွဲများပြင်းထန်နေသည့် ဒေသ ၅ ခုမှ နယ်လုံဝန်ကြီး‌များကိုဖြုတ်ကာ အစားထိုး
စက်တင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကိုဖြုတ်ကာ ဝန်ကြီးအသစ်များဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း

ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အဆိုပါဖြုတ်လိုက်သည့် ဝန်ကြီးများမှာ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၏ နေရာတွင် ဗိုလ်မှူးကြီး ကျော်သူရ၊ ကယားပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၏ နေရာတွင် ဗိုလ်မှူးကြီး သန်းစိုး၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၏ နေရာတွင် ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၏ နေရာတွင် ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၏ နေရာတွင် ဗိုလ်မှူးကြီး နေလင်းစိုးတို့ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အခြားစစ်တပ်အရာရှိများ အပါအဝင် ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးတို့နှင့်တူ ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်နေ့က နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံခဲ့ရသည်ဟု သတင်းထွက်ခဲ့သည်။

စစ်ဆေးမှုခံခဲ့ရသူများသည် ကျောက်တူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိနေသူများဖြစ်ကာ တိုင်းမှူးခွင့်ပြုချက်ဖြင့် ကံပိုင်တည်မြို့မှ ယမ်းသယ်လာသည့် ကားများကို ဖမ်းမိခြင်းကြောင့် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါခဲ့သည်။

ကယား၊ ကရင်၊ ချင်းနှင့် မန္တလေးတိုင်းနယ်စပ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများပြင်းထန်နေပြီး အဆိုပါဒေသများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောဆိုထားသည်။

#TachileikNewsAgency