ပေါက်မြို့နယ် အုန်းတောတောင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PDFတပ်များ တိုက်ပွဲဖြစ်

ပေါက်မြို့နယ် အုန်းတောတောင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PDFတပ်များ တိုက်ပွဲဖြစ်

မကွေးတိုင်း ပေါက်မြို့နယ် အုန်းတောတောင်ရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိုင် ပကဖ ထံမှသိရသည်။

စစ်ကောင်စီတပ်သည် နံနက်ပိုင်းတွင် အုန်းတောတောင်ရွာကို ဝင်ရောက်လာရာ ဒေသကာကွယ်ရေးတပ်များက မိုင်း(၂)လုံးခွဲ၍ စတင်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်များဘက်က ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အိမ်တွင်းမှုကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူဖြင့် ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများ ရွာအပြင်သို့ထွက်လာရာ ဒေသကာကွယ်ရေးတပ်များနှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ PDF ရဲဘော်တစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

နေ့လယ်(၁)နာရီကျော်တွင်လည်း မိနစ်အနည်းငယ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

နေ့လယ်(၃)နာရီဝန်းကျင်တွင်လည်း လမ်းရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်သားများအား (၄၀)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွါသွားသည်ဟု သိရသည်။

တိုက်ခိုက်မှုများကို မြိုင်ပ.က.ဖ ရင်း (၃) ခွဲ (၅)နှင့် ပေါက် ပ.က.ဖ များ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency