မကွေးမြို့တွင် အစည်းအဝေးက ပြန်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မကွေးမြို့တွင် အစည်းအဝေးက ပြန်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
ဒီဇင်ဘာ 9, 2021 | အခြားဒေသများ

မကွေးမြို့တွင် အစည်းအဝေးက ပြန်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဖြစ်သူသည် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင်  လမ်းပေါ်၌ သေနတ်ဖြင့် ပစ်သတ်ခံရသော်လည်း မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုတော့ မသိရပေ။

"အောင်ဇေယျာရပ်ကွက်က အုပ်ကြီး မြို့တော်ခန်းမ အစည်းအဝေးက အပြန် လမ်းမှာ ဖောင်းဒိုင်းခံရတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။.

အလောင်းအား ရင်ခွဲရုံတွင် ထားရှိပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency