ပခုက္ကူမြို့နယ် ကျပ်ပြစ်ရွာရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်

ပခုက္ကူမြို့နယ် ကျပ်ပြစ်ရွာရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျပ်ပြစ်ရွာရဲကင်းစခန်းကို ၂၀၂၃ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့(C.G.F)ထံမှ သိရသည်။

အဆိုပါရဲစခန်းအား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၃)နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူလာသောကြောင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ (C.G.F)၊ ချောက် ပကဖ ၊ God of Mying၊ ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၇ )၊ King Fighter SGF၊ ပေါက်ပကဖ ရင်း(၄)၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၁၈)၊ M-7 ပုလဲ၊ ကမ္မ PDF၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၁၃ )၊ BLDF၊ Black Hero Column၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၈)၊ ပုလဲ တပ်ရင်းအမှတ် (၈)၊ YGF၊ Paul Generation Star၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၁၂)နှင့် တော်ဝင်‌ကျားတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo :Chauk Guerrilla Force