ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး နှင့် ဓနုတမျိုးသားလုံးအတွက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အသိပေး ကြေညာ

Photo: ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး
Photo: ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး နှင့် ဓနုတမျိုးသားလုံးအတွက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အသိပေး ကြေညာ
ဇူလိုင် 30, 2023 | ရှမ်းတောင်

 

ဒီမိုကရေစီနှင့်လူအခွင့်အရေးကို အာမခံသည့် ဓနုပြည်နယ်တည်ဆောက်ရေး အပါအဝင် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကို ဦးတည်ကာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front - DPLF)ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာသည်။

တကယ်တမ်းတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front - DPLF)ကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၇)ရက်ကတည်းက ဖွဲ့စည်းထားရှိပြီးဖြစ်သော်လည်း  ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ကမှ ကျယ်ကျယ်ပြန့်ပြန့် အသိပေးထုတ်ပြန်လာခြင်း ဖြစ်သည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် ဧပြီလအတွင်းက  ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း နောင်ချိုတိုက်ပွဲတွင် MDY PDF ( People's Defense Force - Mandalay )နှင့်အတူ ပူးပေါင်းတိုက်ပွဲ ဝင်ခဲ့သေးကြောင်း သိရသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် စစ်ရေးဆိုင်ရာ အခြေခံစစ်ပညာသင်တန်းများကိုလည်း (၄)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအုပ်စုလက်ထက်တွင် စစ်အာဏာရှင်စနစ်ဆိုး အမြစ်ဖြတ်ချေမှုန်းရေး နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအတွက် တိုင်းနှင့်ပြည်နယ်များတွင် ပြည်သူ့ကိုယ်စားပြု တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသစ်များနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များစွာ ပေါ်ပေါက်လာနေခြင်း ဖြစ်သည်။