ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရွာသာရွာနှင့် ကြက်ရိုးကုန်းရွာကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးတပ်တို့  ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်အား(၁၀၀)ကျော်ခန့်ပါသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုဗိုလ်အဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် (၄)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း Student Armed Force(ကျောင်းသားလက်ရုံးတပ်တော်)က ယနေ့ ဇူလိုင်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် အနီးကပ် (၁၀)မိနစ်ဝန်းကျင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်-Student Armed Force တပ်ဖွဲ့၊ Anonymous Hero(Local PDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ကျောင်းသားလက်ရုံးတပ်တော်(ပုံဟောင်း)