ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်း သုံးခုကို ဒရုန်းဖြင့်တိုက်ခိုက်

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်း သုံးခုကို ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၉)၊ ခလရ(၆၁)နှင့် အမြှောက်တပ် အမတ(၃၁၆)တို့ကို ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့တွင် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်များကို SF-Z လေယာဉ်အမျိုးအစားဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုစစ်ဆင်ရေးသည် SF-Z (မောင်းသူမဲ့) လေယာဉ်အမျိုးအစားဖြင့် ပထမဆုံးအကြိမ် စတင်အသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (KBDF) ထံမှ သိရသည်။

စစ်ဆင်ရေးသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ကာ တောင်ပိုင်းစစ်ဒေသ-ခွဲ၃ ၏ မဟာဗျူဟာလုပ်ငန်းစဉ် ဖော်ဆောင်ရေးအတွက် လိုအပ်သည့် စစ်ရေးရည်မှန်းချက် တစ်ခုအား ဖော်ဆောင်ခြင်းလည်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးလေတပ် (YAF)၊ ရေးကာကွယ်ရေးတပ်(YDF)၊ ထားဝယ်ခရိုင်အမှတ် (၂)တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)(တပ်ရင်း-၁) ပူးပေါင်းတပ်တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : SOF နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့(ပုံဟောင်း)