ယခုနှစ် ပထမနှစ်ဝက်အတွင်း ဒရုန်းပျံသန်းမှု စစ်ဆင်ရေးပေါင်း ၂၈၁ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ဆို

ယခုနှစ် ပထမနှစ်ဝက်အတွင်း ဒရုန်းပျံသန်းမှု စစ်ဆင်ရေးပေါင်း ၂၈၁ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ဆို

အာဏာသိမ်းစစ်ကောင်စီတပ်ကို ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒရုန်းပျံသန်းမှု စစ်ဆင်‌ရေး စုစုပေါင်း (၂၈၁)ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀)ခန့် အသုံးပြုခဲ့ကြောင်း Federal Wingsဒရုန်းတပ်ဖွဲ့က ယနေ့ ဇူလိုင်လ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိမှု အမြောက်အများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ပထမ (၆)လတာ တိုက်ပွဲများအတွင်း Federal Wingsတပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါ ဒဏ်ရာရ တပ်ဖွဲ့ဝင် (၆)ဦးတွင် (၂)ဦးမှာ လက်ရှိအချိန်ထိ ဆေးကုသမှုများ ခံယူနေဆဲဖြစ်ပြီး ကျန်တပ်ဖွဲ့ဝင် (၄)ဦးမှာ သက်သာပျောက်ကင်း၍ သက်ဆိုင်ရာတော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါ (၆)လတာ ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် Federal Wings(၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ကာ ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်းလည်း စစ်ဆင်ရေးများကို စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Federal Wingsနှင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုသော တော်လှန်ရေးတပ်ဖွဲ့များအတွက် ဒရုန်းတပ်ဆင်ရေးနှင့် ဒရုန်းအင်အား ဖြည့်တင်းရေး လိုအပ်ချက်များကို ပြည်သူလူထုအင်အားဖြင့် ကူညီဖြည့်ဆည်းသွားနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : Federal Wings