ကောလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်

ကောလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်
စက်တင်ဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဝါးရုံခုံရွာအနီး ဒေါင်းမြူးတံတားတွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့မှ ကန့်ဘလူခရိုင် ကိုးတောင်ဘို့ရွာကို ရိက္ခာယူ၍ပြန်ဝင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက ဒေါင်းမြူးတံတားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် PDF တပ်ရင်း(၂)မှ ကနောင်ကြီးအဖွဲ့က ဦးဆောင်ပြီး ကိုးတောင်ဘို့ တိုက်နယ် ပကဖ တပ်ရင်း(၂) DCT/Dutiful Citizens Teamနှင့် ကောလင်းခရိုင် PDF တပ်ရင်း(၁)တို့ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ (၁၇)ရက်နေ့က ကောလင်းမြို့ရှိ ရွှေအိမ်မက် KTVတွင် ပစ်ခတ်ခံရသည့် စစ်ကြောင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် ကောလင်းမြို့နှင့် ကိုးတောင်ဘို့ရှိ တပ်စခန်းများမှ  ပစ်ခတ်မှုဖြစ်ခဲ့သည့် ရွာများအား လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency