လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်‌ မွေးနေ့အထိမ်းအမှတ် သပိတ်ပြုလုပ်

လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်‌ မွေးနေ့အထိမ်းအမှတ် သပိတ်ပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် ‌မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၃ခုနှစ် ဇွန်(၁၉)ရက်နေ့ ယနေ့တွင် ကလေးမြို့ တစ်နေရာတွင် လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



၎င်းလှုပ်ရှားမှုကို ကလေးမြို့နယ်သပိတ်ကော်မ‌တီ၊ ယင်းမာပင်သပိတ်၊ ဆားလင်းကြီးနယ် ရွာပေါင်းစုံသပိတ်ကော်မတီ၊ လက်ပံတောင်းတောင် လူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်ရဲဘော်များနှင့်အတူပူးပေါင်းကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။



လှုပ်ရှားမှုတွင် ပန်းသပိတ်နှင့်အတူ ခွန်ဖြည့်မိငယ်သီချင်းအားပြိုင်တူသီဆိုကာ လူထုသပိတ်တရားများဟောကြားခဲ့ကြပြီး ပြည်သူလူထုအား "ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ တော်လှန်ရေးမီးစာအမြင့်ဆုံးသို့မြှင့်တင်ကာ၊ ကျရာကဏ္ဍအသီးသီးမှ ပါဝင် တိုက်ပွဲဝင်နိုင်ရန်" တိုက်တွန်းထားသည်။



#TachileikNewsAgency

Photo : General Strike Coordination Body-GSCB