မန္တလေးတိုင်းတွင် ကြံ့ဖွံ့ရပ်ကျေးကော်မတီဝင်နှင့် ရာအိမ်မှုးတို့ ပစ်ခတ်ခံရ

မန္တလေးတိုင်းတွင် ကြံ့ဖွံ့ရပ်ကျေးကော်မတီဝင်နှင့် ရာအိမ်မှုးတို့ ပစ်ခတ်ခံရ

မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် ကြံ့ဖွံ့ပါတီရပ်ကျေးကော်မတီဝင်တစ်ဦးနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတို့ ၂၀၂၃ခုနှစ် ဇွန်လ(၂၃)ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်နေ့ ည(၇)နာရီဝန်းကျင်က ညောင်ဦးမြို့နယ် အုန္နဲချောင်းကျေးရွာအနီးတွင် ယင်းရွာတွင် ယခင်က ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးဟောင်းနှင့် ရာအိမ်မှူးဟောင်း အဖြစ်‌ဆောင်ရွက်ခဲ့ပြီး လက်ရှိ ကြံ့ဖွံ့ပါတီ၏ ရပ်ကျေးကော်မတီဝင် ဦးသိန်းအောင် ဆိုသူပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။

ထို့အပြင် ည(၉)နာရီကျော်တွင်လည်း ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်(၅၀၀)၊ ၁၀၅(အေ)လမ်း၊(၈၄×၈၅)လမ်းကြားနေ ရာအိမ်မှုး ဦးမြတ်ထူး ဆိုသူ ပစ်ခတ်ခံရကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့များကမူ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency