ပုဂံရှိ ဗူးဘုရားကိုယ်လုံးတော် မိုးကြိုးခ

ပုဂံရှိ ဗူးဘုရားကိုယ်လုံးတော် မိုးကြိုးခ

မန္တလေးတိုင်း၊ ပုဂံရှိ ဗူးဘုရား ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ ညပိုင်းက မိုးကြိုးပစ်ခံရသဖြင့် ကိုယ်လုံးတော်တွင်မိုးကြိုး(၄)ကြိမ် ခခဲ့ကြောင်း သိရသည်။



ယမန်နေ့၊ ညပိုင်းက ပုဂံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးများ ပစ်ခြင်းကြောင့် ဗူးဘုရားကိုယ်လုံးတော်တွင် မိုးကြိုးခခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသည်။



ဗူးဘုရား၏ ပတ်ပတ်လည်တွင် မိုးကြိုးလွဲများတပ်ထားသည့်ကြားက မိုးကြိုးခခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။



#TachileikNewsAgency

Photo : CJ