တာချီလိတ်အခြေစိုက် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို စစ်ကောင်စီက ပါတီ မှတ်ပုံတင်ခွင့် ပြု

တာချီလိတ်အခြေစိုက် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို စစ်ကောင်စီက ပါတီ မှတ်ပုံတင်ခွင့် ပြု

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ANDP)အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းအဖြစ် ပါတီမှတ်ပုံတင်အမှတ်(၁၄)ဖြင့် ခွင့်ပြုလိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က  ၂၀၂၃ခုနှစ် မေလ(၈)ရက်နေ့တွင် ကြေညာလာသည်။

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ANDP)အား တာချီလိတ်မြို့တွင် ပါတီရုံးချုပ်အဖြစ် အခြေစိုက် ဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း အဓိက လှုပ်ရှားသည့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည်။

အာခါပါတီအား ၂၀၁၅ခုနှစ်က စတင် တည်ထောင်ခြင်းဖြစ်ပြီး ထိုစဉ်က ပါတီမှတ်ပုံတင်အမှတ်(၉၃)ဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အာခါတိုင်းရင်းသားရေးရာဝန်းကြီး တစ်နေရာကို အနိုင်ရခဲ့ပြီး ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီကို ရှုံးနိမ့်ခဲ့ပြီး အာခါတိုင်းရင်းသားရေးရာဝန်းကြီးကိုလည်း စွန့်လွှတ်ခဲ့ရသည်။

ယခုအခါ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ တဆင့် ညွှန်ကြားမှုများကြောင့် နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရာတွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီလည်း ပြန်လည်၍ မှတ်ပုံတင်လာခြင်းဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)ပါတီ အပါအဝင် ပါတီ(၃၅)ခုမှာ မှတ်ပုံတင်ခြင်းမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ UEC က ကြေညာသည့် စာရင်းများတွင် ပါတီများ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့် အရေအတွက်မှာ (၄၀)ပါတီရှိသည်ဟု ဆိုသော်လည်း အဆိုပါ ပါတီ(၄၀)ထဲက ကျားဖြူပါတီ အပါအဝင် ပါတီ(၅)ခုသည် အမည်များပြောင်းလဲ၍ မှတ်ပုံတင်ကြခြင်းဖြစ်၍ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို မထောက်ခံ၍ မှတ်ပုံမတင်သည့် ပါတီအရေအတွက်မှာ (၃၅)ခု ဖြစ်သည်။