ထိုင်းနိုင်ငံတွင် ရှင်ပြုအလှူပွဲအတွင်း ထိုင်းဘတ်ငွေ (၂)သိန်းကျော်ကို ခေတ်ဆန်ဆန် ငွေကြဲ

ထိုင်းနိုင်ငံတွင် ရှင်ပြုအလှူပွဲအတွင်း ထိုင်းဘတ်ငွေ (၂)သိန်းကျော်ကို ခေတ်ဆန်ဆန် ငွေကြဲ

 ထိုင်းနိုင်ငံအလယ်ပိုင်းထဲက ချိုင်းနပ်ပြည်နယ် စပ်ဖရာရှိ ကမ်ဖန်ဘုန်းကြီးကျောင်းအတွင်း ပြုလုပ်သည့် ရှင်ပြုအလှူပွဲတွင်  ထိုင်းဘတ်ငွေ (၂)သိန်းကျော်ကို ခေတ်ဆန်ဆန် ငွေကြဲသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လတ်တလော၌ ထိုင်းနိုင်ငံအတွင်း လူစိတ်ဝင်စားမှု အများဆုံးအဖြစ် မြင့်တက်နေသည်။ 

 

ဧပြီလ(၁၈)ရက်နေ့တွင် လုပ်ငန်းရှင်မိသားစုက ၎င်းတို့၏ သား ရှင်ပြုအလှူပွဲတွင် ထိုင်းဘတ်ငွေစုစုပေါင်း (၂)သိန်းကျော်ရှိ (၁၀၀)တန် နှင့် (၂၀)တန် ငွေစက္ကူများကို အမြင့်နေရာကနေ  ခေတ်ဆန်ဆန်  Cash cannon ဖြင့် ငွေကြဲကာလှူဒါန်းခဲ့ရာ အလှူသို့ လူ(၁၀၀၀)ကျော် လာရောက်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့တွင်လည်း ဆန်အိတ်ပေါင်း (၂၀၀၀)ပေးဝေလှူဒါန်းခဲ့သည်။

 

Source: 77kaoded

Photo: 77kaoded