အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေး ပါတီများကို မတရားအသင်းအဖြစ် ကြေညာ

အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေး ပါတီများကို မတရားအသင်းအဖြစ် ကြေညာ

 အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီများကို မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း CDF-Hakha Council က ၂၀၂၃ခုနှစ်၊  ဧပြီလ(၁၁) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

တိုင်းပြည်နှင့် လူမျိုးအကျိုးထက် ပါတီရှင်သန်နိုင်ရေးအတွက်သာ ရှေးရှုကာ အကြမ်းဖက်စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းများအဖြစ် ကြေညာသည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းပါတီများနှင့် အာဏာရှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သော အရေးယူမှုများ ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်လာမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်သည့်ပါတီ (၆၃)ပါတီရှိနေပြီး တော်လှန်ရေး အဖွဲ့များကလည်း အဆိုပါ ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် လှုံ့ဆော်မှုရှိနေသည်။ 

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံတင်သည့် ပါတီများအနက် ချင်းပြည်နယ်အခြေစိုက် ပါတီတချို့လည်းပါဝင် လာပြီး ယင်းပါတီများမှာ နာဂအမျိုးသားပါတီ၊ ဇီုမီးဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီတို့ ပါဝင်နေသည်။