လယ်ကြီး စစ်ကောင်စီ စစ်ဆေးရေးစခန်းနှင့် ရဲဂိတ်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရာ ခဲယမ်းများ သိမ်းဆည်းရရှိ

လယ်ကြီး စစ်ကောင်စီ စစ်ဆေးရေးစခန်းနှင့် ရဲဂိတ်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရာ ခဲယမ်းများ သိမ်းဆည်းရရှိ

  မိုးကုတ် - ပြင်ဦးလွင် - ကျောက်မဲဆက်သွယ်ရေးလမ်းရှိ လယ်ကြီးစစ်ကောင်စီစစ်ဆေးရေးစခန်းနှင့် ရဲဂိတ်တို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်နှင့် စခန်းကို  K.I.A ၊ K- PDF(Kachin Region)၊ PDF (NUG)၊ ကျောင်းသားတပ်မတော်(A.B.S.D.F) (ရှမ်းမြောက်ဒေသ )မဟာမိတ်တပ်ပေါင်းစုတို့က ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများရှိကြောင်း မိုးမိတ်ခရိုင် K-PDF က ဧပြီလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် မိုးကုတ် - မိုင်းလုံဆက်သွယ်ရေးလမ်း အောက်ညောင်ကုန်းရွာအနီးတွင်လည်း လယ်ကြီးသို့ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။