ချောင်းဦးမြို့နယ်အတွင်း ခပ်မွန်ကျေးရွာအနောက်ခြမ်းရှိ လူနေအိမ်များကို အာဏာသိမ်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

  ခပ်မွန်ကျေးရွာအနောက်ခြမ်းရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံနေရစဉ် [  Photo: Khin Mon Revolution]
ခပ်မွန်ကျေးရွာအနောက်ခြမ်းရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံနေရစဉ် [ Photo: Khin Mon Revolution]
ချောင်းဦးမြို့နယ်အတွင်း ခပ်မွန်ကျေးရွာအနောက်ခြမ်းရှိ လူနေအိမ်များကို အာဏာသိမ်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ခပ်မွန်ကျေးရွာ၏ အနောက်ခြမ်းရှိ နေအိမ်များကို အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်တပ်သားများက မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုသည် ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က စပြီး ခင်မွန်ကျေးရွာ ကားလမ်း၏ အရှေ့နှင့်အနောက်တို့တွင် အင်အား(၃၀)ဝန်းကျင်စီ နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်လာကာ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် ခပ်မွန်ကျေးရွာ၏ အနောက်ဘက်ခြမ်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း Khin Mon Revolution ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

" ‌ပြည်သူအများအပြား ပိတ်‌မိနေပြီး ရွာထဲမှာလဲ လက်နက်ကြီးတွေ၊ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်နေပါတယ်။ လောလောဆယ်ထိ ရွာတွင်း အခြေအနေအတိအကျကို မသိရသေးပါဘူး။"ဟု Khin Mon Revolution က ဆိုသည်။

အာဏာသိမ်းစစ်အုပ်စုသည် ကျေးရွာများအတွက် တစ်ရွာဝင် တစ်ရွာထွက်ကာ PDF များအား ရှင်းလင်းရေးအဖြစ်  နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို လက်နက်အားကိုးဖြင့် ဖမ်းဆီးနှိပ်စက်ခြင်း အပြင် အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများပါ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။