ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တောင်ပေါ် မြေပြန့် ပြည်သူလူထုအားလုံး ဆက်လက် စုစည်း ညီညွတ်စွာ ခရီးဆက်ရန် KIO တိုက်တွန်း

ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တောင်ပေါ် မြေပြန့် ပြည်သူလူထုအားလုံး ဆက်လက် စုစည်း ညီညွတ်စွာ ခရီးဆက်ရန် KIO တိုက်တွန်း
ဇန်နဝါရီ 29, 2023 | 2021 Military Coup| အခြားဒေသများ

ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်သားပြည်သူလူထုတစ်ရပ်လုံး စုစည်းညီညွတ်စွာ ရဲရဲရင့်ရင့်ခရီးဆက်ပြရန် ကချင်လွတ်မြောက်ရေးအဖွဲ့(  Kachin Independence Organisation - KIO ) က ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညပိုင်းတွင်ပြုလုပ်နေသည့် နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုဟောပြောပွဲအတွက် သဝဏ် လွှာပေးပို့လိုက်ကြောင်း သိရသည်။

လွတ်လပ်တရားမျှတကာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအပြည့်အဝရှိသည့် ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် တောင်ပေါ်မြေပြန့် တိုင်းရင်သားပြည်သူလူထုတစ် ရပ်လုံး စုစည်းညီညွတ်စွာ ရဲရဲရင့်ရင့်ခရီးဆက်ပြရန် တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးတွင် ဦးဆောင်သူများ၊ ရှေ့တန်းတွင် မကြောက်မရွံ့ ရပ်တည်ခဲ့ကြသော ပြည်သူလူထုများ၊ ရဲရင့်သော မျိုးဆက်သစ်လူငယ်များနှင့် အသက်သွေးချွေး ပေးဆပ်ခဲ့ကြသော သူရဲ ကောင်းများကို ဂုဏ်ပြုကြောင်းလည်း ပြောကြားထားသည်။

(၂)နှစ်တာကာလအတွင်း အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်ခဲ့ကြ ပြီဖြစ်ပြီး ပို၍ခက်ခဲသောအခြေအနေ၊ အချိန်အခါများကို ကြုံတွေ့ရစေကာမူ မလွဲမသွေရောက်ရှိရမည့် ပန်းတိုင်ဆီသို့ စိတ်ဓါတ်ခွန်အားအပြည့်ဖြင့် ခရီးဆက်ကြရမည်ဟုလည်း ဆိုသည်။

ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း သားကောင်ူဪတနာ၊ သမီးကောင်းရတနာများဆုံးရှုံးခဲ့ရသည့် မိခင်တို့၏အသံများကို ကိုယ်ချင်းစာနာလျှက် အမှန်တရားဘက်တွင် ရပ်တည်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။