လားရှို့မြို့တွင် ရေကန်ဆင်းဆယ်ရာမှ အမျိုးသား(၂)ဦး သေဆုံး

လားရှို့မြို့တွင် ရေကန်ဆင်းဆယ်ရာမှ အမျိုးသား(၂)ဦး သေဆုံး
ဇန်နဝါရီ 27, 2023 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှို့းမြို့တွင် ရေကန်ဆင်းဆယ်ရာမှ အမျိုးသား(၄)ဦး အနက် (၂)ဦး သေဆုံးမှု ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ဖြစ်ပွားကြောင်း သိရသည်။

လားရှိုးမြို့ပေါ် (၁၂)ရပ်ကွက်ရှိ စက်မှုအထက်တန်းကျောင်ဝန်းအတွင်း ယနေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က အမျိုးသား(၄)ဦးသည် ရေကန်အတွင်း ဆင်းပြီးဆယ်ရာ ရေကန် Ground Tank အတွင်း ပြုတ်ကျ၍ အမျိုးသား(၄)ဦးအနက် (၂)ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိကြောင်း သိရသည်။

ရေကန်အတွင်းသို့ လားရှိုးမီးသတ်တပ်ဖွဲ့က ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို လာရှိုးလူငယ်ပရဟိတအသင်းနှင့် ကမ္ဘောဇပရဟိတအသင်းအပါအဝင် ကြက်ခြေနီအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

Photo: MFSD