အာဏာသိမ်းစစ်တပ်၏ လက်ကိုင်တုတ် ပြည်သူ့စစ်စခန်းကို KIA က တိုက်ခိုက် မီးရှို့

အာဏာသိမ်းစစ်တပ်၏ လက်ကိုင်တုတ် ပြည်သူ့စစ်စခန်းကို KIA က တိုက်ခိုက် မီးရှို့

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လမုန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ဒူးလေးပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA နှင့်နီးစပ်သူများထံမှ သိရသည်။

၎င်းတို့၏ တပ်စခန်းကို KIA တပ်မဟာ (၂)၏ အမှတ် (၄၃)တပ်ရင်းတပ်ဖွဲ့များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆)ရက်က သွား ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျတ်ဆီးခဲ့ကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - လမုန်ကျေးရွာရှိ ဒူးလေးပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ

ဒါ့အပြင် တနိုင်း လီဒိုလမ်း၊ ရှထူးဇွပ် ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၂၉၇ တပ်ရင်းကိုသွားသည့် ဒူးလေးပြည်သူ့စစ်များကိုလည်း ယနေ့ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင်လည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၎င်း ဒူးလေးပြည်သူ့စစ်တပ်ဖွဲ့အင်အား (၃၀)ခန့်ရှိအဖွဲ့အား  KIA၊ တပ်မဟာ ( ၂ )၏ အမှတ်(၁၄)တပ်ရင်းတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒူးလေးပြည်သူ့စစ်မှ တပ်ဖွဲ့တချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု သိရသည်။