လားရှိုးမြို့တွင် စကစ၏ လက်အောက်ခံ ယာဉ်ထိန်းရဲရုံးနှင့် ကညနရုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်းက ဖောက်ခွဲ တိုက်ခိုက် 

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲ၏ ယာဉ်တစ်စီး ထိမှန်သွားပုံ
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲ၏ ယာဉ်တစ်စီး ထိမှန်သွားပုံ
လားရှိုးမြို့တွင် စကစ၏ လက်အောက်ခံ ယာဉ်ထိန်းရဲရုံးနှင့် ကညနရုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်းက ဖောက်ခွဲ တိုက်ခိုက် 
စက်တင်ဘာ 19, 2022 | ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှိုးမြို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က ညအစောပိုင်းအချိန်တွင် နေရာ(၂)နေရာကို ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ယနေ့ စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်(၁)ရှိ ယာဉ်ထိန်းရဲရုံးကို  ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ ည(၇)နာရီဝန်းကျင်က တစ်ကြိမ်၊ မြို့အဝင် မုခ်ဦးအနီး စစ်ကောင်စီတပ်စခန်း(ကညန)ကို ည(၈)နာရီဝန်းကျင်က တစ်ကြိမ် ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

"စစ်ကောင်စီလက်ပါးစေတို့​၏ အဓိကကျသော နေရာကြီးများကို ဖောက်ခွဲမှုပြုလုပ်ရန် ကြံရွယ်ခဲ့သော်လည်း ကျွန်ုပ်တို့ အကြိမ်ကြိမ် သတိပေးထားသည့်တိုင် ထိုနေရာများတွင် ပြည်သူများရှိနေသဖြင့် လက်လျှော့ခဲ့ရပြီး အဆိုပါ ယာဉ်ထိန်းရုံးနှင့် ကညနရုံးကိုသာ ဖောက်ခွဲမှု ပြုလုပ်နိုင်ခဲ့သည်"ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေရာ(၂)နေရာတွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲမှုကြောင့် စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ထိခိုက် သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးကြောင်းနှင့် ပြည်သူ့မျက်နှာ ထောက်ထားပြီး ရုတ်သိမ်းခဲ့ရသော မစ်ရှင်များကို ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ လက်ပါစေဌာနများ အနီးကနေ မလိုအပ်ဘဲ သွားလာ လှုပ်ရှားခြင်း မပြုလုပ်ရန် အသိပေး မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency