မျောက်ဝံများကဲ့သို့ လေးဘက်ထောက် သွားလာကြသည့် တူရကီနိုင်ငံမှ မိသားစုတစ်ခု၏ မိသားစုဝင်အချို့

မျောက်ဝံများကဲ့သို့ လေးဘက်ထောက် သွားလာကြသည့် တူရကီနိုင်ငံမှ မိသားစုတစ်ခု၏ မိသားစုဝင်အချို့
စက်တင်ဘာ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံရှိ မိသားစုတစ်ခု၏ မိသားစုဝင်အချို့က မျောက်ဝံများကဲ့သို့ လေးဘက်ထောက် တွားသွားသည့်ပုံစံဖြင့် သွားလာနေကြရာ သိပ္ပံပညာရှင်များအတွက် ခေါင်းခြောက်စရာနှင့် လူသားများ၏ ဆင့်ကဲဖြစ်စဥ်အပေါ် ကမ္ဘာကြီး၏ နားလည်မှုကို စိန်ခေါ်နေသည်။ 

 

လေးဘက်ထောက် တွားသွားကြသည့် Ulas မိသားစုအကြောင်းကို သိပ္ပံစာတမ်းတစ်ခုမှတစ်ဆင့် လူအများ သိရှိလာခဲ့ရပြီး စိတ်ဝင်စားစရာ ဖြစ်လာခဲ့ကာ BBC က "The Family That Walks on All Fours" အမည်ဖြင့် ၂၀၀၆ ခုနှစ်တွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ထိုမိသားစုတွင် ကလေး (၁၈) ဦး တွေ့ရှိရပြီး ၎င်းတို့အနက် (၆) ဦးမှာ ယနေ့ ခေတ် အရွယ်ရောက်ပြီး လူသားများတွင် မတွေ့မြင်ဖူးသော စရိုက်လက္ခဏာဖြင့် မွေးဖွားလာခဲ့ကြကြောင်း London School of Economics မှ ဆင့်ကဲဖြစ်စဥ် စိတ်ပညာရှင် ပါမောက္ခ Nicolas Humphrery က ဆိုသည်။ 

ထိုကလေး (၆) ဦးအနက် တစ်ဦးမှာ ကွယ်လွန်သွားခဲ့သည်။

လီဗာပူးတက္ကသိုလ် Liverpool University မှ သုတေသီများ၏ လေ့လာမှုအရ Ulas မိသားစုမှ ကလေးများထံတွင် လူသားများထက် မျောက်ဝံများနှင့် ပို၍တူသော အရိုးစုများရှိကြသည်ဟု ဆိုသည်။ 

သို့သော် မျောက်ဝံများက လှည့်ပတ်ရန် ၎င်းတို့၏ လက်ဆစ်များကို အသုံးပြုကြပြီး Ulas မိသားစုမှ လူသားကမူ ၎င်းတို့၏ လက်ဖဝါးများကို အသုံးပြုကြရာ သိသာစွာ ကွဲပြားခြားနားသည်။

"ဒီမိသားစုမှာ ကျွန်တော်တို တွေ့နေရတာက ကျွန်တော်တို့ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဥ်အရ ချင်ပန်ဇီမျောက် (chimpanzee) တွေလို လမ်းမလျှောက်သေးစဥ် အချိန်တစ်ခုတုန်းကနဲ့ တူညီနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါက သစ်ပင်ပေါ်ကနေ ဆင်းလာပြီး ခြေနှစ်‌ချောင်းသတ္တဝါ ဖြစ်လာမှုကြား အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့တယ်" ဟု ပါမောက္ခ Humphrery က ပြောသည်။

Source: NY Post

Photo: AP