ဒီးမော့ဆိုမြို့နယ်အတွင်း ဇီးဖြူကုန်းတွင် နေအိမ် ရေတွင်းထဲ၌ စစ်ကောင်စီတပ်က သတ်ပြီး ပစ်ထည့်ခဲ့သည့် အလောင်း(၂)လောင်း တွေ့ရှိ

Photo: KNDF B-09
Photo: KNDF B-09
ဒီးမော့ဆိုမြို့နယ်အတွင်း ဇီးဖြူကုန်းတွင် နေအိမ် ရေတွင်းထဲ၌ စစ်ကောင်စီတပ်က သတ်ပြီး ပစ်ထည့်ခဲ့သည့် အလောင်း(၂)လောင်း တွေ့ရှိ
ဧပြီ 28, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စံပြ(၆)မိုင်‌ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ ရေတွင်းထဲ၌ ဒေသခံရုပ်အလောင်းနှစ်လောင်းအား ဧပြီလ(၂၇)ရက်က တွေ့ရှိသဖြင့် ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း KNDF B 9 က ယနေ့ ဧပြီလ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

သေဆုံးသူ၏ ရုပ်အလောင်းမှာ စစ်ကောင်စီတပ်များက ရွာသို့ ပြန်လာသော ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့ပြီး ရေတွင်းထဲသို့ ပစ်ချချန်ခဲ့သည့် အခြေအနေများဖြစ်နေပြီး အလောင်းများကို ဒေသခံများနှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုပြုလုပ်စဉ် ယင်းသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများမှာ ဇီးဖြူကုန်း‌ကျေးရွာမှ ပြည်သူနှစ်ဦးဖြစ်သော်လည်း မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရသေးသဖြင့် စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် အရပ်ဒေသများတွင် နယ်မြေရှင်းလင်းမှုများပြုလုပ်စဥ်အတွင်း ထိုကဲ့သို့ ဖြစ်စဥ်များ မကြာခဏ တွေ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency