ချောင်းဦးမြို့နယ်အတွင်း အင်းမကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ် လူ့အခွင့်အရေး ချိုးဖောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွား

ချောင်းဦးမြို့နယ်အတွင်း အင်းမကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ် လူ့အခွင့်အရေး ချိုးဖောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွား
ဧပြီ 24, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အင်းမကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ကာ မီးရှို့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး ခဲ့ရသည်။

စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူ့အခွင့်အရေးကို ချိုးဖောက်ကာ ဒေသခံတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပြီးနောက် အိမ်ခြေ (၇၀)ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အင်းမရွာမှ ဒေသခံများ သီးနှံများရိတ်သိမ်းနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းသွားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမှုများကို နေ့စဉ် ပြုလုပ်နေပြီး ကျေးရွာများအတွင်း PDF သံသယဖြင့် နေအိမ်များကို ရှာဖွေဖျက်ဆီးကာ မီးရှို့နေခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ 

#TachileikNewsAgency

Photo: Chaung U Revolution