မြို့သစ်မြို့ဒေသတွင်း ထုံကတင် - တုံးမနလမ်းတလျှောက် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာမှ လက်နက်များ သိမ်းဆည်းရရှိ

မြို့သစ်မြို့ဒေသတွင်း ထုံကတင် - တုံးမနလမ်းတလျှောက် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာမှ လက်နက်များ သိမ်းဆည်းရရှိ
ဧပြီ 11, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ မြို့သစ်မြို့ ထုံကတင် - တုံးမနလမ်းတလျှောက် ဆက်ကြေးကောက်နေသည့် အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် ပျူစောထီးများကို ဧပြီလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း PDF - CEU က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၁၀‌)ဦး ဝန်းကျင်ရှိ စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ PDF - CEU နှင့် ABSDF တို့ ပူးပေါင်းကာ အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

"အဆိုပါ စခန်းအား ဝင်ရောက်စီးနင်းစဉ် ရဲခွေးတစ်ကောင်နှင့် ပျူစောထီး တစ်ကောင်ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းရှိအပေါင်းပါအရပ်သားများနဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်။"ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အရပ်သားများကို လူထုအား အနိုင်ကျင့် ဆက်ကြေးကောက် နေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြရန် နောက်ဆုံးအကြိမ် သတိပေးပြောဆို၍ ပြန်လွှတ်လိုက်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:  PDF - CEU