ဖရူဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ထင်ယောင်ထင်မှားဖြစ်ရန် ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ပေးထားသည့် အလောင်းကို တွေ့ရှိ

ဖရူဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ထင်ယောင်ထင်မှားဖြစ်ရန် ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ပေးထားသည့် အလောင်းကို တွေ့ရှိ
ဧပြီ 9, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း  ဒေါညေခူ ကျေးရွာ၌ ယနေ့ ဧပြီလ(၉)ရက်နေ့တွင် မဟာမိတ်တပ်များ နယ်မြေရှင်းလင်းစဉ် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒီးမော့ဆို PDF ( ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ် ) က သတင်းထုတ်ပြန် ထားသည်။

အသက်(၂၅)နှစ် ဝန်းကျင်ရှိ  အမျိုးသား(၁)ဦး၏ ရုပ်အ လောင်းကို  တွေ့ရှိခဲ့သဖြင့် သတင်းအချက်အလက်စု ဆောင်းရေးအဖွဲ့မှ စုံစမ်းရာ သေဆုံးသူမှာ  စစ်ရှောင်များထံ ရိက္ခာပို့ရန်သွား နေသည့် မိုးဗြဲ​နေ မောင်ပါစကွားလယ်ဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားခဲ့သော မောင်ပါစကွားလယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး  ထင်ယောင်ထင်မှား ဖြစ်ရန် ပြောက်ကြားဝတ်စုံဖြင့် ဝတ်ပေးကာ  ရုပ်အလောင်းကို ပစ်ထားခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ(၅)ရက်နေ့ မနက်(၈း၀၀)နာရီအချိန်တွင် ဖရူဆိုမြို့နယ်၊  ဒေါ ညေခူ အရောက်မှာ ကျွန်တော်တို့ကို စစ်တပ်တွေက ၀ိုင်းပြီးပစ်တာပါ။ အပစ်ခံရတော့ ကျွန်တော့် ဆိုင်ကယ်ကို အမြန်မောင်းပြေးတဲ့ချိန်မှာဘဲ သူကဆိုင်ကယ်ပေါ်ကကျသွားတာ ကျွန်တော်လှည့်ကြည့်တော့ သူကလဲ နေပြီ အဲ့ကြောင့်ကျွန်တော်လည်း ဆက်ပြီး မောင်းပြေးလိုက်တာ အဲ့ချိန်မှာ ကင်းထောက်ရဲဘော်တွေ တွေ့လိုက်တာ စိတ် သက်သာရာရတာ။ ဆိုင်ကယ်ဆီတိုင်ကီလည်း လက်နက်ကျည်ထိပြီးပေါက်သွားတယ်။ ကျွန်တော်ကတော့  ပေါင်မှာထိရှဒဏ်ရာပဲရတာ။ ကျွန်တော်တို့နှစ် ယောက်စလုံးက အရပ်ဝတ်နဲ့ပဲသွားတာ အခုအလောင်းပြန်ရတော့ ယူနီ ဖောင်းနဲ့ဖြစ်နေတယ်။

ဟု ဖြစ်စဥ်အတွင်းပြန်လွတ်လာသူက  ပြောသည်။

၎င်းရုပ်အလောင်းအား ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် သက်ဆိုင်ရာ ဆွေမျိုးမိဘထံ ပြန်လည်အပ်နှံထားပြီး အလားတူ ဖရူဆိုမှတက်လာသော အမျိုးသားနှစ်ဦးကိုလည်း အာဏာသိမ်းစစ် ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ယနေ့အချိန်ထိ ရှာမတွေ့သေးဟုသိရသည်။

အာဏာသိမ်းစစ် ကောင်စီတပ်မှ အာဏာလုယူသည့် နောက်ပိုင်း ယနေ့ထိ ဖရူဆိုမြို့နယ်တွင် အရပ်သားပြည်သူသတ်ဖြတ်ခံရမှုများပိုမိုများပြားလာပြီး ဒီးမော့ဆိုမြို့နယ်တွင်လည်း အရပ်သားများကိုပစ်  ခတ်သတ်ခဲ့ရာ (၁၀၆)ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။