ရွှေပြည်သာ စက်မှုဇုန်အတွင်းရှိ  အာဏာသိမ်းစစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီး 

 ရွှေပြည်သာ စက်မှုဇုန်အတွင်းရှိ  အာဏာသိမ်းစစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီး 
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

 ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်အတွင်းရှိ  အာဏာသိမ်းစစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို  ဖေဖော်ဝါရီလ (၆)ရက်၊ ည(၇)နာရီဝန်းကျင်က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း CGF-YGN က သတင်းထုတ်ပြန်လာသည်။

ယင်းဖောက်ခွဲဖျက်ဆီးမှုကို Civil Guerrilla Force YGN၊ Frederal Army၊ Black Engle Ranger နှင့် People Defence Force(Z- Fighter)တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Control Box အား မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

၎င်းလုပ်ဆောင်ချက်သည် မတရားဖမ်းဆီးခံရသော CGF-YGN မှ ရဲဘော်များ အတွက်လက်တုန့်ပြန်ခြင်း၊ ပြည်သူများအား ဥပဒေမဲ့ VPN စစ်ဆေး‌၍ ငွေညစ်နေသော လုပ်ရပ်များအတွက် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဒါ့အပြင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူ့အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ ၎င်းပစ်မှတ်များအနီးတွင် မနေကြရန်လည်း တိုက်တွန်းထားသည်။

 ည‌နေပိုင်းတွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းလူကူးကုန်းကျော်တံတားပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းတက်ရောက် ချိတ်ဆွဲသည့် လူငယ်(၄)ဦးအနက် တစ်ဦးကို အကြမ်းဖက်စစ်တပ်နှင့် ရဲက ပစ်ခတ်သဖြင့် ကျည်ထိမှန် သေဆုံးသွားခဲ့ရပြီး ကျန်(၃)ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။