ခမရ (၉၇)တပ်ရင်းတွင် တပ်တွင်းဆန္ဒပြမှု ဖြစ်ပွား၍ တပ်မိသားစုဝင်တချို့ ဖမ်းဆီးခံထားရ

ခမရ (၉၇)တပ်ရင်းတွင် တပ်တွင်းဆန္ဒပြမှု ဖြစ်ပွား၍ တပ်မိသားစုဝင်တချို့ ဖမ်းဆီးခံထားရ

ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့နယ်အခြေစိုက် စကခ(၁၂)လက်အောက်ခံတပ် ခမရ(၉၇)ခြေမြန်တပ်ရင်း၌ ယမန်နေ့ မတ်လ(၁၄) ရက်နေ့က တပ်တွင်းဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ဆန္ဒပြခဲ့သည့် မိသားစုဝင်အချို့ ဖမ်းဆီးခံထားရ‌ကြောင်း Ko News က ဖော်ပြထားရှိသည်။

ဖာပွန်ခရိုင်၊ မယ့်တရူလော်ရွာ၌ မတ်လ (၁၁)ရက်နေ့က KNLA တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်ဖွဲ့များက ၎င်းရွာတွင် တပ်စွဲထားသော (၉၇)တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်ရာ တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် စစ်သား (၁၄) ဦး သေပြီး အများအပြား အရှင်ဖမ်းဆီးခံရပြီးနောက် (၉၇)ခြေမြန်တပ်ရင်းတွင် သေဆုံး၊ ဖမ်းဆီးခံရသူများ ၏ ဇနီးများနှင့် ကျန်ရှိနေသည့်မိသားစုဝင်များကို လာရောက်ထိမ်းသိမ်းနှစ်သိမ့်ပေးသည့် ဗျူဟာမှူး၏ စကားအား မကျေနပ်သော ကြောင့် ဆန္ဒထုတ်ပြခဲ့ခြင်းဖြစ်‌သည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးဟု ဆိုသည်။

ထိုကဲ့သို့ ဆန္ဒပြသည့်ကိစ္စအား တပ်အတွင်း၌ သတင်းမပေါက်ကြားရန် လျှို့ဝှက်ထားသည်ဟုလည်း ဆိုသည်။ 

မတ်လ(၁၁)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် (၂၉)လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူများထဲတွင် ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ တပ်ရင်းမှူး နှင့် ဗိုလ်မှူး (၁)ဦး ပါဝင်ကြောင်း သိရသည်။