အာဏာတည်မြဲရေးအတွက် ကရင်နီပြည်နယ်အတွင်း အဆမတန်အင်အားများနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေ

အာဏာတည်မြဲရေးအတွက် ကရင်နီပြည်နယ်အတွင်း အဆမတန်အင်အားများနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေ
မတ် 4, 2022 | ကယား

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များက တင့်ကား၊ တာဝေးပစ်ဒုန်းကား၊ ရဟတ်ယာဉ်၊ လေယာဉ် အပါအဝင် ခြေလျှင်တပ်အင်အား (၅၀၀)ဝန်းကျင်ဝန်းကျင်ဖြင့် စစ်ကြောင်း (၃)ကြောင်းနှင့် ထိုးစစ်ဆင်နေကြောင်း လွိုင်ကော် PDF က ယနေ့မတ်လ(၄)ရက်တွင် သတင်းထုတ်ပြန်လာသည်။

‌ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က စပြီး စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲသည် ယနေ့ မေလ(၄)ရက်နေ့အထိ (၁၇)ရက်ကြာမြင့်လာပြီး တိုက်ပွဲစစ်မျက်နှာမှာလည်း မိုးဗြဲမှ နန့်မယ်ခုံ၊ နန့်မယ်ခုံမှ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတစ်ဝိုက်ကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

၎င်းအကြမ်းဖက်စစ်ကောင်စီတပ်များကို လွိုင်ကော် PDF၊  KA၊ KNDF၊  ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့နှင့်အတူ အခြားသောမဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်သည်။ 

(၁၇)ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ နေ့စဉ်အသေများနေပြီး သေဆုံးသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကိုလည်း မြေမြှုပ်နှံပေးခြင်း မပြုလုပ်တော့ဘဲ ပြည်သူလူထု၏ အိမ်ပေါ်တင်ကာတင်ကာ အလွယ်တကူ မီးတင်ရှို့ခဲ့ကြကြောင်း သိရသည်။ 

ဒါ့အပြင် လေကြောင်းဖြင့် ပြည်သူ့အိုးအိမ်များပေါ် ဗုံးကြဲချပြီး ပြည်သူ့တပ်များနှင့် ပြည်သူတို့အား သွေးခွဲခြင်းအမှုကို ပြုလုပ်လျှက်ရှိကာ ပြည်သူများ၏ နေအိမ်မှ အဖိုးတန်ပစ္စည်းများကို ခိုးယူခြင်းများလည်း လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

နိုင်ငံနှင့်အဝန်းမှ ပြည်သူများအနေဖြင့်လည်း ကရင်နီဒေသ စစ်ရှောင်နှင် ပြည်သူ့တပ်များအတွက် ဝန်းရံကူညီပူးပေါင်းပေးရန်လည်း တိုက်တွန်းထားသည်။