ပေါက်မြို့နယ်အတွင်း ရေပြာရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်၊ စခန်းမှူး အပါအဝင် အများအပြား သေဆုံး

ပေါက်မြို့နယ်အတွင်း ရေပြာရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်၊ စခန်းမှူး အပါအဝင် အများအပြား သေဆုံး
ဖေဖော်ဝါရီ 23, 2022 | အခြားဒေသများ



မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းအား ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တတိယအကြိမ်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ရဲအများအပြားသေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် (၂)ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ရေပြာရဲစခန်းကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ် (၃) မြို့နယ် (ပ.က.ဖ)များပူးပေါင်း၍ ( ၄၅) မိနစ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းရဲစခန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၅) ရက်နေ့ ညပိုင်းကလည်း ပေါက် PDF များ ကိုယ်တိုင်လုပ်သည့် အဝေးပစ်စိန်ပြောင်းကို စမ်းသပ်ပစ်ခတ်မှုအဖြစ် အဆိုပါရဲစခန်းကို ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။