ပူတာအိုမြို့နယ်အတွင်း ရှိန်ဂပ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA ၊PDF  ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

Photo: PUTAO- PDF
Photo: PUTAO- PDF
ပူတာအိုမြို့နယ်အတွင်း ရှိန်ဂပ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA ၊PDF  ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ အင်စီယန်ရွာထိပ်ရှိ ရှိန်ဂပ်တောင်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ် နှင့် KIA ပူးပေါင်း PDF တပ်တို့ ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှိန်ဂပ်တောင်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ(၄၆)၊ (၁၃၇)တပ်ကို KIA ပူးပေါင်း KPDF တပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဲဒီတောင်က ပူတာအိုနဲ့ ဆွန်ပီယာန်ကြားက‌တောင်။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီး‌တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။

ဟုဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ရှိန်ဂပ်တောင်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်‌ကောင်စီတပ်များကို KIA ပူးပေါင်း PDF တပ်များက ဖေဖော်ဝါရီအစကပင် တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ရှိန်ဂပ်တောင်သည် ယခင်က KIA တပ်စခန်းချရာ‌နေရာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက အကြမ်းဖက်စစ်‌တပ် က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ယာယီရှောင်‌ပေးခဲ့ရသည့် နေရာဖြစ်သည်။