Denko စက်ဆီဆိုင်လုပ်ငန်းက လေယာဉ်ဆီတင်သွင်းခြင်းမရှိကြောင်း အသိပေးထုတ်ပြန်

Denko စက်ဆီဆိုင်လုပ်ငန်းက လေယာဉ်ဆီတင်သွင်းခြင်းမရှိကြောင်း အသိပေးထုတ်ပြန်
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

Denko စက်ဆီဆိုင်လုပ်ငန်းက လေယာဉ်ဆီတင်သွင်းခြင်းမရှိသလို ဖြန့်ဖြူးရောင်းချြခင်းလည်းမရှိကြောင်းနှင့်  လူပုဂ္ဂိုလ်အချို့ နှင့် အဖွဲ့အစည်းအချို့သို့ စက်သုံးဆီ သီးသန့်တင်သွင်းထောက်ပံ့ပေးနေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် အသိပေးခြင်းအဖြစ် ထုတ်ပြန်လာသည်။

တနိုင်ငံလုံး အသံတိတ်သပိတ်ပြုလုပ်ကြသည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ပြည်သူများ အပြင်ထွက်လာရန်၊ အသံတိတ်သပိတ်မပြုလုပ်ရန်အတွက် စက်သုံးဆီ အခမဲ့ ဖြန့်ဝေသည့် အစီအစဉ်တွင် Denko စက်ဆီဆိုင်လုပ်ငန်း၏ မန္တလေးမြို့ရှိ Denko စက်ဆီဆိုင်ခွဲ (၅)ခုကလည်း အခမဲ့ ပေးဝေသည့် အစီအစဉ်တွင်လည်း ပါခဲ့သေးသည်။

Denko စက်ဆီဆိုင်လုပ်ငန်း၏ ဆီဆိုင်များ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းက စ၍ ဖေဖော်ဝါရီလအတွင်းထိ ဖောက်ခွဲဖျက်ဆီးခံရမှုများ ကြုံလာရပြီးနောက် ယခုလို ထုတ်ပြန်လာခြင်း ဖြစ်သည်။