ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် 

ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် 
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း(၅၀) ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း YRA ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ဒုအရာခံဗိုလ် ကိုကျော်စိုးလှိုင်သည် ဂန့်ဂေါခရိုင်တပ်ရင်း (၁၅ ၊ ၁၆၊ ၁၇)-YRA ထီးလင်းတပ်ဖွဲ့ထံ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့က MA 3 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ကျည် (၂၁၉)တောင့်၊ ကျည်ကာအင်္ကျီတစ်ထည်တို့ဖြင့် အလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု YRA ထီးလင်းတပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency