ချောင်းဦးမြို့နယ်အတွင်း ရွှေလှေကျေးရွာတွင် စစ်ကောင်စီ၏ ပျူစောထီးများက ဓါးပြတိုက်သွား

ချောင်းဦးမြို့နယ်အတွင်း ရွှေလှေကျေးရွာတွင် စစ်ကောင်စီ၏ ပျူစောထီးများက ဓါးပြတိုက်သွား
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးများက ဓားပြ တိုက်သွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ယနေ့ဖေဖော်ဝါရီလ(၁၄)ရက်တွင် သတင်းထုတ်ပြန်လာသည်။ 

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ခေါင်းဆောင် လှဆင့်ဆိုသူ ဦးဆောင်ပြီး ဖေဖော်ဝါရီလ(၁၃)ရက်၊ နေ့လည်ပိုင်းက ‌ရွှေလှေကျေးရွာရှိ ပြည်သူနေအိမ်(၃)အိမ်အား ဝင်ရောက် ဓားပြတိုက်ကာ ငွေကျပ်သိန်း(၂၀)၊ ဆိုင်ကယ်(၁)စီး၊ ဆီ (၃၅)ပုံး၊ ဆန်(၂၅)အိတ်၊ မုန့်ဖာ(၁၅)ဖာ၊ ပဲအိတ်(၁၀)အိတ်နှင့် အခြားပစ္စည်းများယူဆောင်သွားကြောင်း သိရသည်။

ဒါ့အပြင် ပြည်သူပိုင် ခွေးဘီလူးကား(၁)စီးကို မှန်ခွဲဖျက်စီးသွားခဲ့ပြီးနောက် ကံကြီးကုန်းကျေးရွာမှ နေအိမ်တစ်အိမ်ကိုလည်း ထပ်မံ ဓားပြတိုက်သွားကြောင်း သိရသည်။