ပခုက္ကူမှ ကျောက်ထုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို PDF က အရပ်မျက်နှာစုံမှ ကြားညှပ် တိုက်ခိုက်

စစ်ကောင်စီတပ်၏ ယာဉ်တန်း ( Photo: Kyaukhtu Regional People Defense Force )
စစ်ကောင်စီတပ်၏ ယာဉ်တန်း ( Photo: Kyaukhtu Regional People Defense Force )
ပခုက္ကူမှ ကျောက်ထုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို PDF က အရပ်မျက်နှာစုံမှ ကြားညှပ် တိုက်ခိုက်
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

မ‌ကွေးတိုင်း၊ ကျောက်ထု - ပခုက္ကူလမ်းပိုင်းတွင် ပခုက္ကူမှ ကျောက်ထုဘက်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ယမန်နေ့ ဖေဖော်ဝါရီလ(၆)ရက်က ကျောက်ထု PDF က နှစ်ကြိမ် ဝိုင်းတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး အများအပြား သေဆုံး၊ ဒဏ်ရာရသွားကြောင်း ကျောက်ထု PDF ထံမှ သိရသည်။

Kyaukhtu PDF မှ လက်နက်ကြီးများဖြင့် အရပ်မျက်နှာစုံမှ ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များဘက်က ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟုဆိုသည်။

ထို့နောက် မိုင်းကွင်းထဲဖြတ်မောင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် ယာဉ်တန်းကို Kyaukhtu PDF က (၆၀)မမ ဖြင့်ပစ်ခတ်ရာ ကားတစ်စီးပျက်စီးသွားကြောင်း သိရသည်။ 

ယင်းအပြင် ပခုက္ကူ-ကျောက်ထုလမ်းပိုင်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား Kyaukhtu PDF မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်း ကျည်ဖူးများ ကျေးရွာအတွင်းကျသော်လည်း မပေါက်ကွဲဘဲ ကျန်နေခဲ့သည့်အတွက် လက်နက်ကြီးကျည်ဖူးများအား Kyaukhtu PDF မှ ဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ (၄)ရက်ကလည်း Kyaukhtu PDF မှ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်း(၈)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား(၄)ဦးသေကြောင်း သိရသည်။



#TachileikNewsAgency